ဖိလစ်ပိုင်သမ္မတက ကိုဗစ်ကို လော့ဒေါင်းမချတော့ဟုဆို
ဖိလစ်ပိုင်သမ္မတ ဂျူနီယာမားကို့စ်သည် တနင်္လာနေ့ (ဇူလိုင် ၂၅ ရက်)က လူတစ်ယောက်ကို တစ်နေရာတည်းမှာကြာကြာထားဖို့မဖြစ်နိုင်သောကြောင့် နိုင်ငံအတွင်းကိုဗစ် ကြောင့်လော့ဒေါင်းချခြင်းများကို လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ၎င်း၏နိုင်ငံသို့ပြောကြား သောပထမဆုံးမိန့်ခွန်းတွင် ကတိပြုခဲ့သည်။”ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မျိုးကွဲအသစ် တွေကိုတွေ့နေသေးရင်ဒါက ကိုဗစ်ရဲ့ခြိမ်းခြောက်မှု ရှိနေသေးတာပဲ” ဟုမားကို့စ်က သူ၏ပထမဆုံးနိုင်ငံတော်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။
“ဒါပေမယ့် နောက်ထပ်လော့ခ်ဒေါင်းမလုပ်နိုင်တော့တာကြောင့် လော့ခ်ဒေါင်းတွေရှိတော့မှုမဟုတ်ပါဘူး” ဟုလည်း သူကဆိုသည်။ မားကို့စ်ကတိုင်းပြည်အနေဖြင့် ပြည်သူများ၏ လူမှုဖူလုံရေးနှင့်ကျန်းမာရေးကို စီးပွားရေးနှင့်ပါ ဟန်ချက်ညီအောင် လုပ်ဆောင်ရမည်ဟုပြောကြားခဲ့သည်။ကျန်းမာရေးစောင့်ရှောက်မှုစနစ် ချွတ်ချော်မှု မရှိစေရေးအတွက် အစိုးရဌာနများသည် ကိုဗစ်ရောဂါဖြစ်ပွားမှုအရေအတွက်ကို စောင့်ကြည့်စစ်ဆေးရန် ဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ကျောင်းသားများအတွက်လည်း ပြင်ပအတန်းများကို မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သမ္မတက ကြေငြာခဲ့သည်။ ဖိလစ်ပိုင်တွင် အတန်းများကိုကပ်ရောဂါ စတင်ကတည်းက အွန်လိုင်းတွင်သာ သင်ကြားခဲ့ကြခြင်း ဖြစ်သည်။ “အခုချိန်ကကိုဗစ်ကပ်ကရှိနေတုန်းမို့ ကျောင်းသားတွေဘေးကင်းဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့်စာသင်နှစ်မှာမှ ကျောင်းတွေပြန်ဖွင့်ဖို့ အကောင်အထည်ဖော်ပြင်ဆင်နေပါတယ်” ဟု ၎င်းကပြောသည်။
“ကျွန်တော်တို့အနေနဲ့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းသားကျောင်းသူတွေ၊ဆရာ၊ဆရာမတွေနဲ့ ပညာရေး အသိုင်းအဝိုင်းကြီးတစ်ခုလုံး ဘေးကင်းလုံခြုံဖို့သေချာစီမံဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟုလည်းဆိုသည်။ ကိုဗစ်ကြောင့်ဖြစ်ပေါ်လာသော ပြဿနာများအပြင် ပိုမို ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် လိုအပ်ကြောင်းလည်း၎င်းကပြောသည်။
“ပြည်သူတွေဆီကိုသာ ဆေးဝါးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေ ယူလာရမှာ ဖြစ်ပြီး ဆေးရုံနဲ့ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေကို သူတို့လာဖို့အထိစောင့်စရာမလိုဘူး” ဟု ၎င်းကဆိုသည်။“နှလုံးဌာန၊ အဆုတ်ဌာန၊ ကလေးဆေးရုံနဲ့နိုင်ငံတော် ကျောက်ကပ်နဲ့ အစားထိုးကုသရေးဌာနတို့လို အထူးကုဆေးရုံကြီးတွေမှာလည်း ကုသမှုကိုပေးနေပါတယ်” ဟုလည်းဆိုခဲ့သည်။
“ဒါကြောင့် မြို့တော်တစ်ခုတည်းမှာသာမက နိုင်ငံ့အနှံ့အပြားမှာလည်း ဒီလိုအဖွဲ့အစည်းတွေ၊ ဒီလိုကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိဖို့ တိုးမြှင့်ရမယ်ဆိုတာရှင်းပါတယ်” ဟုထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။ကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှုများကို သွားလာရခက်ခဲသော နေရာများတွင်ပါ ဖြန့်ကျက်ဆောင်ရွက် ထားပေးမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်ကျန်းမာရေး အကူအညီရယူရန် မြို့ (သို့) ဒေသဆိုင်ရာ စင်တာများသို့ သွားရောက်ရန် မလိုအပ်တော့ကြောင်း ၎င်းကဆက်ပြောသည်။ထို့နောက် မားကို့စ်သည်ဆရာဝန်များနှင့် သူနာပြုများအတွက် လုပ်ငန်းခွင်အခြေအနေများ တိုးတက်စေရန်လည်း ကတိပြုခဲ့သည်။ Source – CNA