အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား
မြန်မာနိုင်ငံပြည်တွင်းမှာ အင်အား ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြေငလျင်ဟာ ဇူလိုင်လ (၂၁)ရက် ည(၁၁)နာရီ (၃၇)မိနစ်ကျော်မှာ ကျိုင်းတုံမြေငလျင်စခန်းကနေ အရှေ့ဘက် (၁၈)မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့ရဲ့ အရှေ့ဘက် (၁၇)မိုင်ခန့်အကွာကို) ဗဟိုပြုပြီး လှုပ်ရှားသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။