ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဇေယျာသီရိမြို့နယ် ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံထောက်ခံသူများ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်ဟောင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်
ဇူလိုင် ၁၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သော ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံထောက်ခံသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်ဟောင်းများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းအစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက်သမားများ၏ လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပါတီဝင်များနှင့် မိသားစုဝင်များအား အောက်မေ့သတိရသည့်အနေဖြင့် ၂ မိနစ်ငြိမ်သက်ခဲ့ကြပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားကာ အခမ်းအနားကို အစီအစဉ်များအတိုင်း ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီဗဟို အလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီထောက်ခံဝန်းရံသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်ဟောင်းများ၊ အုပ်စုနာယကများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ပါသည်။