ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်ဇနီး မိသားစုမှ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်အား ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်း
ဇူလိုင် ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဇနီးမိသားစုတို့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသိရီ သက်တော်ရှည်ဆရာတော်ကြီး၏ မွေးနေ့တွင် အသက်ရှည်ကြာ၊ အနာမဲ့ခြင်း၊ ကျန်းမာခြင်း ၊ ချမ်းသာခြင်းတို့နှင့် ပြည့်စုံစေရန် ကုသိုလ်မင်္ဂလာဖြစ်ပါစေကြောင်း ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝထ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။