တောင်သူလယ်သမားစိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ
လေးမျက်နှာ ဇူလိုင်၊၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး တောင်သူလယ်သမား စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲအား ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းများဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လေးမျက်နှာမြို့နယ် ပါတီဥက္ကဌဒေါ်စန်းစန်းချိုက ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်းမှ ဆွေးနွေးမှာကြားခြင်း တိုင်းဒေသကြီးပါတီကော်မတီဝင် လယ်သမားရေးရာတာဝန်ခံတို့က ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားမှာ တောင်သူလယ်သမားစိုက်ပျိုးရေးအသိပညာပေးဟောပြောမှုများကို စိုက်ပျိုးရေးပညာရှင်များ ဓာတ်မြေဩဇာဆိုင်ရာ အသိပညာပေးမှုများကို ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
အခမ်းအနားကို တိုင်းဒေသကြီးပါတီက တာဝန်ရှိသူများ ရပ်ကွက် ကျေးရွာက ပါတီဝင်များ တောင်သူ လယ်သမားများတက်ရောက်ခဲ့ပြီး သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။