ပြည်ပပြန် မြန်မာနိုင်ငံသား(၆)ဦးတွင် အိုမီခရွန်ဗီဇပြောင်းရောဂါပိုးတွေ့ရှိ
အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နဲ့ BA.5 ကို ပြည်ပပြန်မြန်မာနိုင်ငံသား(၆)ဦး မှာတွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ(၁၂)ရက်နေ့မနက်ပိုင်း မှာသတင်းထုတ်ပြန်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဟာ “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး စောင့်ကြပ် ကြည့်ရှုတဲ့လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကို ပြည်ပနိုင်ငံတွေ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နဲ့ကယ်ဆယ်ရေးလေယာဉ် (Relief Flight)တွေနဲ့လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်တွေက တစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူတွေဆီက ဓာတ်ခွဲနမူနာရယူပြီး ဓာတ်ခွဲစစ်ဆေးလျက်ရှိကာ Omicron (အိုမီခရွန်) အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီ ဇပြောင်းရောဂါပိုး တွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်ပြန် ပေးနေတယ်လို့ဆိုပါတယ်။
အဲဒီလိုဆောင်ရွက်နေရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေရဲ့ ဓာတ်ခွဲနမူနာတွေအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး တွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၁၆)ခုကို ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ် ဆေးခြင်းကို ဆေးသုတေသနဦးစီးဌာနမှာ ဇွန်လ(၃၀)ရက်နေ့က ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီ ဇပြောင်းရောဂါပိုး BA.4 ကို ဓာတ်ခွဲနမူနာ (၁)ခုတွင်လည်းကောင်း၊ BA.5 ကို ဓာတ်ခွဲနမူနာ (၅)ခုတွင်လည်း ကောင်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ပါတယ်။ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နဲ့BA.5 တွေ့ရှိသူတွေအားလုံးဟာ ပြည်ပနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီရောဂါပိုးတွေ့ရှိသူ တွေကို ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။
နိုင်ငံတကာလေ့လာတွေ့ရှိချက်တွေအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူတွေမှာ ရောဂါလက္ခဏာ ပြင်းထန်မှုနဲ့သေဆုံးမှုတို့လျော့နည်း ကြောင်း တွေ့ရှိရတယ်လို့ထုတ်ပြန်ထားပါတယ်။