မိတ္ထီလာခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ ဝါဆိုသင်္ကန်းလှူပူဇော်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက် ပူဇော်

မိတ္ထီလာ ဇူလိုင် ၁၀

 မန္တလေးတိုင်ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ   မိတ္ထီလာခရိုင်ပါတီနှင့် မြို့နယ်ပါတီတို့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ နေ့လည် (၃)နာရီအချိန်တွင် မိတ္ထီလာခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မိတ္ထီလာမြို့၌ သီတင်းသုံးဝါဆိုတော်မူကြမည့် ကျောင်းတိုက်ကြီး (၁၁) ခုမှ ဆရာတော် (၁၁)ပါး အား ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါသည်။

ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူနှင့် ဦးတင့်လွင်ဦး၊ မိတ္ထီလာခရိုင်ပါတီ ဥက္ကဌ ဦးထွန်းထွန်းဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မိတ္ထီလာမြို့နယ် ပါတီ ဥက္ကဌ ဦးမြင့်စန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးအသင်းနှင့်ပါတီတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပါတီကေဒါဟောင်း များ တက်ရောက်ပူဇော်ခဲ့ကြပါသည်။