UEC ဥက္ကဋ္ဌဟောင်းအပါအဝင် ၃ ဦးကို ထောင်ဒဏ်များချမှတ်

အရင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင်၂ ယောက်ကို ဇူလိုင် ၇ ရက်မှာ နေပြည်တော်ထောင်တွင်းတရားရုံးက ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ သိရပါတယ်။ UECဥက္ကဋ္ဌ ဟောင်း ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ကို ထောင်ဒဏ် ၃နှစ်စီ ချမှတ်လိုက်တာပါ။ ဦးလှသိန်း၊ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ဟာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)နဲ့ အမှုဖွင့် အရေးယူခံခဲ့ရတာဖြစ်ပါတယ်။