ယနေ့စက်သုံးဆီဈေးနှုန်း နှစ်ထောင်ကျပ်အောက်ပြန်ကျ
အချိန်ကာလနှစ်လကျော်ကြာမြင့်တက်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ ဇူလိုင် ၇ ရက်တွင် တစ်လီတာ နှစ်ထောင်ကျပ်အောက်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း စက်သုံးဆီစျေးကွက်အတွင်းမှသိရသည်။
ရန်ကုန်စက်သုံးဆီဈေးနှုန်းများမှာ ယမန်နေ့(ဇူလိုင် ၆ ရက်) တွင် ၉၂ တစ်လီတာလျှင် ၂၀၇၀ ကျပ်မှ ယနေ့တွင် ၁၈၃၅ ကျပ်သို့လည်းကောင်း၊ ၉၅ တစ်လီတာဈေး ၂၁၉၅ ကျပ်မှ ၁၉၅၅ ကျပ်သို့လည်းကောင်း၊ ဒီဇယ် တစ်လီတာ လျှင် ၂၃၈၀ ကျပ်မှ ၂၁၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၀ ကျပ်မှ ၂၂၂၅ ကျပ်အထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။