နိုင်ဂျီးရီးယားအကျဉ်းထောင် အကြမ်းဖက်တိုက်ခိုက်ခံရပြီး အကျဉ်းသား ၄၀၀ ကျော် လွတ်မြောက်နေ

နိုင်ဂျီးရီးယားနိုင်ငံ၊ အဘူဂျာမြို့တော်မှာရှိတဲ့ အကျဉ်းထောင်ဟာ ယမန်နေ့က အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရပြီး အကျဉ်းသား ၄၀၀ ကျော် လွတ်မြောက်နေကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်မှာ အကျဉ်းသားလေးဦး၊ လုံခြုံရေးအစောင့်တစ်ဦးနဲ့ အကြမ်းဖက်သမားတချို့သေဆုံးခဲ့ပြီး အကျဉ်းသားအမြောက်အမြား ထွက်ပြေး လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။

အကျဉ်းထောင်ကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းဟာ ဘိုကိုဟာရမ်အစ္စလာမစ် အစွန်းရောက်အဖွဲ့ ဖြစ်နိုင်ကြောင်း နိုင်ဂျီးယားအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ တိုက်ခိုက်ခံရချိန်မှာ ထောင်အတွင်း အကျဉ်းသား ၁၀၀၀ နီးပါးရှိနေပြီး အားလုံးလိုလို ထွက်ပြေးသွားခဲ့ကြောင်း၊ ဒါပေမဲ့ ၄၄၃ ဦးကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယားအစိုးရ က ကြေညာထားပါတယ်။ -Ref:BBC