ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ပစ်ခံရသဖြင့် ဆေးရုံတင်ကုသနေ

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသည် ယနေ့ ဇူလိုင် ၈ ရက်နံနက်ပိုင်းက ဂျပန်နိုင်ငံ အနောက်ပိုင်း၊ နာရာမြို့တွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဟောပြောပွဲတစ်ခုပြုလုပ်နေဉ် သေနတ်ဖြင့်ပစ်ခံရသဖြင့် ဆေးရုံသို့ တင်ပို့ကုသလျှက်ရှိကြောင်း ဂျပန်သတင်းဌာနများကရေးသားထားကြသည်။

ရှင်ဇိုအာဘေး ဟောပြောနေစဉ် သေနတ်သံကဲ့သို့သော အသံများကြားလိုက်ရပြီးနောက် လဲကျကာ လည်ပင်းမှ သွေးများထွက်နေကြောင်း သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

သေနတ်သံ ၃ ချက်ကြားလိုက်ရပြီးနောက် ထိုသို့လဲကျသွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးကဆိုသည်။

သေနတ်သမားဟု သံသယရှိသူ သက်လတ်ပိုင်းဂျပန်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားကြောင်းသိရသည်။

အခြားအချက်အလက်အသေးစိပ်ကို မသိရသေးချေ။

Ref: Former Japan PM Abe Unconscious After Shooting; Man in Custody

Photo: Reuters