ရထားလက်မှတ်ခ ဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းတက်
လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးရထားလက်မှတ်ခတွေရဲ့ဈေးနှုန်းတွေကို ဇူလိုင် ၁ ရက်ကစပြီး ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးက ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်ကပြောပါတယ်။ ဇူလိုင် ၁ ရက်ထွက်မယ့် ရထားလက်မှတ်တွေကို ဇွန် ၃၀ ရက် ရက်ကြိုရောင်းကတည်းက တိုးမြှင့်နှုန်းထား အသစ်နဲ့ စတင်ရောင်းချနေပြီဖြစ်တယ်လို့လည်း ပြောပါတယ်။
အဝေးပြေးရထားလက်မှတ်ခနှုန်းထားတွေ ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်တဲ့အထဲမှာ မြို့ပတ်ရထားလက်မှတ် ဈေးနှုန်းတွေလည်းအပါအဝင်ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီအပြင် အရင်က ရန်ကုန်-မန္တလေး ပြေးဆွဲခဲ့ပြီး ခေတ္တရပ်နားထားတဲ့ အမှတ်(၅)အဆန် အမှတ်(၆)အစုန် အမြန်ရထားနဲ့ အမှတ်(၈၁) အဆန်၊ အမှတ်(၈၂)အဆုန် ရန်ကုန်-မော်လမြိုင် အမြန်ရထားတို့လည်း ပြေးဆွဲပေးနိုင်ဖို့ရှိနေတယ်လို့ ရုံပိုင်ချုပ်ကြီး က ပြောပါတယ်။ onenews