Internet Explorer ကို အဆုံးသတ်လိုက်သည့် မိုက်ခရိုဆော့ဖ်
အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ဟာ Internet Explorer ရဲ့ သုံးစွဲသူဗားရှင်းတွေကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ Internet Explorer 11 ကို သူ့ရဲ့နောက်ဆုံးဗားရှင်းအဖြစ် ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။ Internet Explorer ဟာ ၁၉၉၅ ခုနှစ်မှာ Windows desktop ကွန်ပျူတာတွေပေါ်မှာ ပွဲဦးထွက်ခဲ့ပြီး ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်း ရယူလွှမ်းမိုးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း လက်ရှိမှာတော့ Google Chrome, Apple ရဲ့ Safari နဲ့ Mozilla Firefox တို့က ဈေးကွက်မှာ လွှမ်းမိုးနေပါတယ်။ Google Search, Facebook နဲ့ YouTube အပါအဝင် အင်တာနက်ပလက်ဖောင်း အသုံးပြုသူတွေဟာ Google Chrome နဲ့ Mozilla Firefox တို့လိုမျိုး မြန်ဆန်တဲ့ Browser တွေကြောင့် Internet Explorer ရဲ့ လူကြိုက်များမှုဟာ ကျဆင်းလာခဲ့ပါတယ်။
စမတ်ဖုန်းနည်းပညာတွေ ထွန်းကားလာပြီးနောက်မှာလည်း Apple ရဲ့ Safari နဲ့ Google Chrome တို့ကို ios နဲ့ Android စနစ်တွေမှာ အဆင်သင့် ထည့်သွင်းလာကြတာကလည်း Internet Explorer အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။