ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေး ဗဟိုကော်မတီအစည်းအဝေးအတွေ့အကြုံရှင်းလင်း

ပျော်ဘွယ် ဇွန် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးသည် ရမည်းသင်းမြို့နယ်ရှိ ခရိုင်၊မြို့နယ်၊ရပ်ကျေးပါတီခေါင်းဆောင်များအား ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးနှင့်ပတ်သက်ပြီး အတွေ့အကြုံရှင်းလင်းခဲ့သည်။

အခမ်းအနားအား ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်က ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ချမှတ်ခဲ့သော ပါတီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။