ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မြို့ပါတီရုံးခန်းမ၌ ၁၂.၆.၂၀၂၂ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင်အကြမ်းဖက်သမားများကြောင့် သေဆုံးရသော ပြည်ခိုင်ဖြိုး ပါတီဝင် (၁၆၀၀)ကျော်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ သဘာပတိ တိုင်းပါတီအတွင်းရေးမှူး ဒေါ်ခင်စောမူက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုသိမ်ခရိုင်ဥက္ကဌ ဦးစိုးဝင်းက အမှာစကားပြောကြားပါသည်။ တစ်ဆက်တည်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသက်နိုင်ဦးက အခမ်းအနားကျင်းပရခြင်းအကြောင်းကိုရှင်းလင်းကာ ပါတီဝင်ခွင့်လျှောက်လွှာပေးအပ်ခြင်း၊ ပါတီဝင်ကြေး ပါတီနှစ်စဉ်ကြေး ပေးအပ်ပါသည်။
အခမ်းအနားသို့ တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးပါ (၃)ဦး/ခရိုင်ပါတီဥက္ကဌပါ(၂)ဦး /မြို့နယ်ပါတီကော်မတီဝင် (၁၃)ဦး၊ မြို့နယ်အရန်ပါတီကော်မတီဝင်(၇)ဦး၊ ရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်(၃၄)ဦး၊ အဆိုပြုလွှာပေးအပ်သူ (၁၁)ဦး စုစုပေါင်း (၇၀) ဦး တက်ရောက်ကြပါသည်။
ကန်ကြီးထောင့်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီအသစ်လျှောက်ထားသူ (၃၆၆) ဦး၏ ပါတီဝင်ကြေး (၃၆၆၀၀၀) ကျပ် ၊ ပါတီဝင်(၅၃၅)ဦး၏ ပါတီနှစ်စဉ်ကြေး (၅၃၅၀၀၀) ကျပ် စုစုပေါင်း (၉၀၁၀၀၀)ကျပ်စုပေါင်းပေးအပ်ကြပါသည်။ ၎င်းနောက်သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီးအခမ်းအနားကို မွန်းတဲ့ (၁၂:၀၀) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။