မြောက်ကိုရီးယားပြည်ပြေးက မိခင်နိုင်ငံအား ကိုဗစ်အကူအညီပြန်ပေး
မြောက်ကိုရီးယားကနေ ထွက်ပြေးတိမ်းရှောင်လာသူ ပါ့ခ် ဆုန်ဟက်ခ် ဆိုတဲ့ တက်ကြွလှုပ်ရှားသူဟာ မြောက်ကိုရီးယားနိုင်ငံကို ကိုဗစ်အကူအညီတွေပြန်လည်ပေးအပ်ခဲ့ပါတယ်။ ပါ့ခ် နဲ့ သူရဲ့ တက်ကြွ လှုပ်ရှားသူအဖွဲ့ဟာ မိုးပျံပူဖောင်းတွေသုံးပြီး မြောက်ကိုရီးယားဘက်ခြမ်းထဲကို ကိုဗစ်ဆိုင်ရာ အကူအညီ ပစ္စည်းတွေပေးခဲ့တယ်လို့ အင်္ဂါနေ့က ပြောပါတယ်။ ဒီပေးပို့မှုမှာ မိုးပျံပူဖောင်း ၂၀ အထိရှိပြီး ကိုဗစ်ဆေး အလုံးရေ တစ်သောင်းခွဲ ၊ နှာခေါင်းစည်း ၂ သောင်း နဲ့ ဗိုက်တာမင်ဒီ ဆေး ၃ သောင်း ပါဝင်တယ်လို့ ဆိုပါ တယ်။ လတ်တလောမှာ မြောက်ကိုရီးယားနိုင်ငံထဲကို မိုးပျံပူဖောင်းတွေလွှတ်ပြီး ဝါဒဖြန့် လက်ကမ်းစာ ဖြန့်တဲ့ လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားပြီး ကိုဗစ်ဆိုင်ရာဆေးဝါးနဲ့ နှာခေါင်းစည်း အကူအညီတွေကို ပေးသွားမယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ပိုင်ရုပ်သံကတော့ ပြီးခဲ့တဲ့အပတ်က နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုတွေဟာ လျော့ပါးလာနေတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကတော့ မြောက်ကိုရီးယားရဲ့ ကိုဗစ်ကူးစက်မှုအခြေအနေ ပိုပြီးဆိုးရွားလာနေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။