ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ရာဖေးနာဒယ်ဗိုလ်စွဲ

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အိုးပင်းအမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ရာဖေးနာဒယ်က ကက်စ်ပါရုဒ်ကို အနိုင်ယူပြီး ၂၂ ကြိမ်မြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် နာဒယ်က ကက်စ်ပါရုဒ်ကို ၆-၃၊ ၆-၃၊ ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ၃ ပွဲပြတ်အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီနိုင်ပွဲကြောင့် နာဒယ်ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ အသက်အကြီးဆုံးချန်ပီယံဖြစ်လာခဲ့ပါတယ်။ ယခင်က ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ အသက်အကြီးဆုံး ချန်ပီယံအဖြစ် အသက် ၃၄ နှစ်အရွယ် အင်ဒရီ-ဂျင်မီနို က ၁၉၇၂ ခုနှစ်မှာ မှတ်တမ်းဝင်ခဲ့တာပါ။ နာဒယ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲဆက်အနိုင်ရခဲ့တာဖြစ်သလို အခုအောင်ပွဲကြောင့် ပြိုင်ဘက်တွေ ဖြစ်တဲ့ ဖက်ဒရာ၊ ဂျိုကိုဗစ်တို့ထက် ဂရင်းစလမ်ချန်ပီယံဆု ၂ ကြိမ်ပိုရပြီး အအောင်မြင်ဆုံးကစားသမားအဖြစ် ထိပ်ဆုံးက ဆက်လက်ဦးဆောင်နေပါတယ်။ နာဒယ်ဟာ အခုပြိုင်ပွဲမှာ ခြေထောက်ဒဏ်ရာ နာကျင်မှုကြောင့် ထုံဆေးထိုး ကစားခဲ့ရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒဏ်ရာကို ထုံဆေးဆက်ထိုးဖို့ လိုအပ်နေသေး တယ်ဆိုရင်တော့ ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့လည်း အတိအလင်း ပြောဆိုခဲ့ပါတယ်။