မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်
ဇူလိုင် ၃၊ မင်းလှ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်လွင်ဦး ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် စိန်ပုကျေးရွာအုပ်စု စိန်ပုရွာ အလယ်တန်းကျာင်းနှင့် ရွာသစ်ကျေးရွာ ဇေယျာဓိပတိ ဘုန်းတော်ကြီးကျောင်းတို့တွင် COVID (19) ရောဂါမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။