ဓနုဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများနှင့်တွေ့ဆုံပြီး ပါတီဝင်အဆိုပြုလွှာများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာ၊ ကနီကျေးရွာအုပ်စု ဦးစိုးထွန်းနေအိမ်တွင် နံနက်၉းဝဝနာရီမှ ၁၁း၁၅မိနစ်အချိန်ထိ
တိုင်းပါတီကော်မတီဝင်၊ ဗဟိုပါတီကော်မတီဝင် ဦးသန်းတွင်း၊ မြို့နယ်ပါတီဥက္ကဌ နှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင် နှင့် အဖွဲဝင်များ အင်အား၅၀ဦးခန့် စည်းဝေးပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဦးနိုင်ဝင်းနှင့် တိုင်းပါတီကော်မတီဝင်ဦးသန်းထွန်းတို့မှ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေ၊ ပါတီဝင်များလုံခြုံရေးနှင့် ပါတီဝင်ကျစ်လစ်ခိုင်မာတည်တန့်ရေးဆွေးနွေးခဲ့ကြပြီး ရပ်ကျေးပါတီမှ ပါတီဝင် အင်အား ၆၁ ဦး အဆိုပြုလွှာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။