ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘားအံမြို့ ကမားကျောင်းတိုက်ဆရာတော်၏ ဈာပနပူဇာရေစက်ချ အခမ်း အနားအတွက် အလှူငွေ သွားရောက်ဆက်ကပ်လှူဒါန်း
ယနေ့ညနေ (၅. ၁၀) အချိန်တွင် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန္ဒာဦး၊ ပြည်နယ်လူပ်ရှားမူ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် “”ဘားအံမြို့နယ် လှာကဒေါင်စံပြကျေးရွာအုပ်စု မင်္ဂလာရွာသစ်၊ ကမားကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဖြစ်တော်မူသော ဘဒ္ဒန္တသုန္ဒရ သက်တော် (၈၃) နှစ်၊သိက္ခာတော် (၆၃) ဝါ အန္တိမအဂ္ဂိဈာနပူဇာ ရေစက်ချ အလှူတော် အခမ်းအနားအတွက်””ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ငါးသိန်းကျပ် သွားရောက် ဆက်ကပ်ပူဇော် ခဲ့ပါသည်၊နီ နီ