ပြည်သူများ၏ ကျန်းမားရေးကို အလေးထား၍ ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ Covid-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ အောက်တိုဘာ ၎

ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ မနက် ၉ နာရီချိန်မှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့် အညီမဲဆွယ်စည်းရုံး ခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ် အတွင်းရှိ ဂျို့ပင်၊ ငါးပြေမ၊ သမ၊ သိင်္ဂံ၊ ဇီးဖြူဘုရား၊ ကိုးတဲစု၊ ကျေးရွာများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်း စာစောင်များဝေငှ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။

မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။

#Waiyan