ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအလံ လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်းဘုတ်တင်စိုက်ထူ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီသည် ဘောလည်ကျွန်းဒေသ ကျူတောကျေး ရွာလမ်းဆုံတွင် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် မင်္ဂလာအချိန်တွင် အောင်သပြေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်းဘုတ်တင်ခြင်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ခဲ့ကြောင်းသိရသည်။ အဆိုပါဆိုင်း ဘုတ်တင်အောင်နိုင်ရေးအလံစိုက် ထူသည့်နေရာသို့ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ကျေးရွာရှိ ပါတီ ဥက္ကဋ္ဌများနှင့်ပါတီဝင်များ လာရောက်ပါဝင်ခဲ့ကြကြောင်း သိရသည်။