ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါအား ရွေးချယ်တင်မြှောက်
ဂျပန်လွှတ်တော်များသည် လက်ရှိ အာဏာရပါတီက ရွေးချယ်လိုက်သော ခေါင်းဆောင်သစ်ဖြစ်သည့် ယိုရှီဟီဒီဆူဂါ အား ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။
ယိုရှီဟီဒီဆူဂါသည် အသက် ၇၁ နှစ် အရွယ်ရှိပြီဖြစ်သော ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ညာလက်ရုံးဟု သတ်မှတ်ခံရသူဖြစ်သောကြောင့် ဂျပန်နိုင်ငံ၏ မူဝါဒပိုင်းသည် အပြောင်းအလဲ ဖြစ်နိုင်ဖွယ် မရှိဟု သုံးသပ်ကြသည်။
၂ဝ၁၂ ခုနှစ်ကတည်းက ဂျပန်အစိုးရအဖွဲ့၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည့်အပြင် ပြော ရေးဆိုခွင့်ရှိသူလည်း ဖြစ်ခဲ့သောကြောင့် ယိုရှီဟီဒီဆူဂါသည် လက်ရှိဂျပန်အစိုးရအဖွဲ့ အား ကောင်းစွာ ထိန်းကျောင်းမောင်းနှင်နိုင်ဖွယ်ရှိသည်ဟု သတ်မှတ်ခံထားရသည်။ ရှင်ဇိုအာဘေးကလည်း ယိုရှီဟီဒီဆူဂါသည် အသင့်တော်ဆုံးသူဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref; Kyodo