ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်များ မြို့နယ်အတွင်း လူစည်ကားသည့် နေရာများတွင် စိုက်ထူ
ရန်ကုန် စက်တင်ဘာ
ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဗီနိုင်း ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီကစတင်ကာ မြို့နယ်ပါတီ ရုံးရှေ့မှစတင်၍ မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ထူရာသို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီသီမွန်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးခင်မောင်အေး၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးကျော်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ကျော်မြင့်လှိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဗိုလ်စော(ကမာရွတ်)