ဝင်ငွေအမြင့်ဆုံးကစားသမားစာရင်းအား တိုက်စစ်မှူး မက်ဆီ ဆက်လက်ဦးဆောင်
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ သည် လစာအမြင့်ဆုံးကစားသမားများစာရင်းတွင် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်လျက်ရှိကြောင်း သိရသည်။ Forbes မှ ထုတ်ပြန်သောစာရင်းတွင် ၄င်းသည် တစ်နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၆ သန်းဖြင့် ထိပ်ဆုံးမှရပ်တည်နေခြင်းဖြစ်သည်။ မက်ဆီ သည် ၄င်း၏လစာ အသားတင်ရရှိမှုမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၂ သန်းအထိရှိနေပြီး အခြား ၃၄ သန်းမှာ စပွန်ဆာ အပါအဝင် ပုံရိပ် အသုံးပြုမှုများမှ ရရှိခြင်းဖြစ်သည်။ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒို မှာ အမေရိကန်ဒေါ်လာ ၁၁၇ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ၄င်း၏ လစာရရှိမှုမှာ မက်ဆီထက်များစွာလျော့နည်းသော်လည်း လူမှုကွန်ရက်ဝက်ဘ်ဆိုက်များအပါအဝင် အခြားဝင်ငွေရရှိမှု၌ မြင့်မားခဲ့ခြင်းဖြစ်သည်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာသည် အမေရိကန်ဒေါ်လာ ၉၆ သန်းဖြင့် တတိယနေရာတွင်ရပ်တည်နေပြီး အခြားပီအက်စ်ဂျီတိုက် စစ်မှူးအမ်ဘာပီမှာ အမေရိကန်ဒေါ်လာ ၄၂ သန်းဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။ ၄င်းတို့၏နောက်တွင် လီဗာပူးမှ ဆာလက်၊ မန်ယူမှပေါ့ဂ်ဘာ တို့မှာ အစဉ်လိုက်ရပ်တည်နေကြပြီး မန်ယူဂိုးသမားဒီဂီယာမှာ အဆင့် ၁ဝ နေရာတွင်ရှိနေသည်။