ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ငဝန်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာ အုပ်စုများတွင် ယမန်နေ့ နံနက် ၈ နာရီခွဲမှ စတင်၍ ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်းများက မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။ ရေကြည်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးကြည်သန်းနှင့် ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအုန်းစိုး၊ မြို့နယ်အရန်ပါတီကော်မတီဝင် ဦးရဲထွန်းမြတ်၊ ဦးသက်ဦး၊ နယ်မြေတာဝန်ခံ ဦးသန့်ဇင်ဦးတို့ ပါဝင်လိုက်ပါပြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ငဝန်မြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သော ကျောက်ချောင်းကျေးရွာ၊ လက်ပံပင်၊ ကက္ကူကြီး၊ ကက္ကူလေး၊ တပ်ဆိတ်ကျေးရွာပါတီဝင်များ နေအိမ်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ရှေးဦးစွာ ကျောက်ချောင်း ကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် လောင်းဦးကြည်သန်းက မိတ်ဆက်စကား ပြောကြား ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးညွန်ကြားချက်များအတိုင်း မဲဆန္ဒရှင်ပြည်သူများ တက်ရောက် ၍ ကျေးရွာအုပ်စု ငါးအုပ်စုရှိ ကျေးရွာများတွင်လည်း အလားတူတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဆန်းတင့်(ရေကြည်)