တောင်သာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ Green Campaign ပြုလုပ်မှုအား ဒုဥက္ကဋ္ဌ ဦးလှထွန်း သွားရောက် အားပေး

 

တောင်သာ စက်တင်ဘာ ၁၂

စက်တင်ဘာ ၁၁ ရက် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ လှည့်လည်ကာ Green Campaign ပြုလုပ်ခြင်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း သွားရောက်ကြည့်ရှု အားပေး ခဲ့သည်။

အဆိုပါ သွားရောက်ရာတွင် တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဆွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်တင်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝင်းမောင်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းခေါင်ကျော်နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ ကြိုဆိုခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးလှထွန်းမှ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။