ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ အောင်နိုင်ရေး အလံပေးအပ်
ညောင်ဦး စက်တင်ဘာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ညောင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အောင်လံလွှင့်ထူခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး (၂) ကိုယ်စားလှယ်လောင်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုဥက္ကဋ္ဌက အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။ အောင်နိုင်ရေး အလံတင်ခြင်းနှင့် အလံပေးအပ်ခြင်း အခမ်းအနားကို ကြွေးးကြော်သံများ ကြွေးကြော်ကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။