ပြည်ခိုင်ဖြိုးပါတီ စေတနာ့ဝန်ထမ်းအဖွဲ့များမှ ဒက္ခိဏသီရိဈေးအတွင်း နှာခေါင်းစည်းများ လှူဒါန်း

 

နေပြည်တော်၊ စက်တင်ဘာ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ညနေ၌ ပြည်သူအများအပြား ဝင်ထွက်သွားလာလျက်ရှိသည့် ဒက္ခိဏသီရိဈေးအတွင်း ဆေးဘက်သုံး နှာခေါင်းစည်း (၁၀၀၀)ကို ဖြန့်ဝေလှူဒါန်းခဲ့သည်။

မနက်ဖြန် စက်တင်ဘာလ (၇) ရက်နေ့ ညနေပိုင်းတွင်လည်း ပြည်ခိုင်ဖြိုးပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့သည် နေပြည်တော်မြို့မဈေးတွင် နှာခေါင်းစည်းများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။