ပြည်ခိုင်ဖြိုးပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့မှ သာသနာ့ကျောင်းတိုက်ကြီးများသို့ ဆွမ်းကွမ်းရိက္ခာများလှူဒါန်း

စက်တင်ဘာ ၇၊ နေပြည်တော်
ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့သည် တကျော့ပြန် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဗုဒ္ဓဘာသာကျောင်းတော်ကြီးများ စာသင်တိုက်ကြီးများ ဆွမ်းကွမ်းဝေယျာဝစ္စမခက်ခဲစေရေးအတွက် ဆွမ်းဆန်တော်နှင့် ဆွမ်းဟင်းလျာရိက္ခာခြောက်များအား ပို့ဆောင် ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက နေပြည်တော် ဥတ္တရမြို့နယ် ဝိဇိရာနန္ဒဓမ္မစင်တာတွင် သီတင်းသုံးတော်မူသော သံဃာတော် ၇၄ ပါးအတွက် ရည်စူးလျက် ဆွမ်းဆန်တော် ၄ အိတ်၊ အာလူး ၃၂ ပိဿာ ၊ ပကြာဇံ ၁၀ ပိဿာ၊ ခရမ်းချဉ်သိး ၁၀ ပိဿာ၊ ဆွမ်းဟင်းလျာရိက္ခာ ငါးခြောက် ၄၅ ပိဿာ စုစုပေါင်း တန်ဖိုး ၇ သိန်းကျပ်အား သွားရောက်ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဓာတ်ပုံ-စိုးစံတူး