အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက နှစ်ပေါင်း ၉ဝဝ ခန့် သက်တမ်းရှိ ရွှေရင့်မာစေတီတော်ပြုပြင်ရန် ဘိလပ်မြေအိတ်များ လှူဒါန်း
မန္တလေး စက်တင်ဘာ
အောင်မြေသာစံမြို့နယ် အမရဌာနီအနောက်ရပ်ကွက် အကွက် (၃၇) ရှိ ရွှေရင့်မာကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ်ထားသော နှစ်ပေါင်း ၉ဝဝ ခန့် သက်တမ်းရှိ ရွှေရင့်မာစေတီတော်မြတ် ပြုပြင်မွမ်းမံရန် အတွက် ဘိလပ်မြေအိတ်များကို အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့မွန်းတည့် ၁၂ နာရီက အဆိုပါ ကျောင်းတိုက်၌ သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ရွှေရင့်မာစေတီတော်မြတ် ပြုပြင်မွမ်းမံရန်အတွက် ဘိလပ်မြေအိတ် ၃၁ အိတ်အား ရွှေရင့်မာ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣုန္ဒာစာရ (သက်တော် ၆၅ နှစ်၊ ဝါတော် ၄၅ဝါ) ထံသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်နှင့်အဖွဲ့က လှူဒါန်းပြီးနောက် ဆရာတော်ဘဒ္ဒန္တဣုန္ဒာ စာရအား နဝကမ္မအလှူငွေကျပ် သုံးသောင်းလှူဒါန်းခဲ့ကာ လှူဒါန်းမှု အစုစုအတွက် ဆရာတော်ထံမှ ရေစက်ချ သာဓုအနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်ချလှူဒါန်း ခဲ့ကြသည်။
လှူဒါန်းရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘို သင်း၊ ခရိုင်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးသောင်းညွန့်၊ ဦးညီညီမင်း၊ အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကိုကိုလေး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။
သုတ (မန္တလေး)