ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ ရွာသစ်ကြီးကျေးရွာတွင် Covid 19 အသိပညာပေးခြင်းနှင့် Mask များဝေငှ
ဟိုပင် ။စက်တင်ဘာ(၄)
စက်တင်ဘာ (၄) ရက်နေ့ မနက် ၆ နာရီ အချိန်တွင် ကချင်ပြည်နယ် မိုညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာ ကျေးရွာ စျေး အတွင်းနှင့် လမ်းမကြီးဘေး တွင် Covid 19 အသိပညာပေးခြင်းနှင့်Maskများ ပေးဝေခြင်း ပြုလုပ် ခဲ့ကြသည်။
အဆိုပါ လှူဒါန်းရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် ပြည်နယ်အဆင့်ပြောရေးဆိုခွင့်ရှိသူ ဦးဌေးဝင်းနှင့် မြို့နယ်ကော်မတီဝင် ဦးတင်ထွန်းမြင့်၊ ဦးသီဟထွန်း၊ ဦးရေခဲ ၊ ရပ်ကျေးဥက္ကဌ ဦးအောင်တင်ဝင်း နှင့်လူငယ်ခေါင်းဆောင် ဒေါ်သဇင်ဦး၊ ဦးကိုကိုနိုင်တို့မှ ဆောင်ရွက်ခဲ့ကြသည်။