ကရင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ဘုရားဆင်းတုတော်များ ပြက္ခဒိန်များနှင့် နိဗ္ဗာန်ယာဉ်လှူဒါန်း
ဖာပွန် သြဂုတ် ၃၁
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၅နာရီက ဖာပွန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဝေဠုဝန်ကျောင်းတိုက်တွင် ပန်းပေါင်းစုံ ဘုရားဆင်းတုတော် အဆူ ၅ဝဝ အနေ ကဇာတင်ခြင်းနှင့် နာရေးကူညီမှု အသင်းကို နိဗ္ဗာန်ယာဉ် လိုက်ထရပ်ကားတစ်စီး လှူဒါန်းခြင်းအတွက် ရေစက်ချ အခမ်းအနားပြုလုပ်ခဲ့သည်။
ဖာပွန်မြို့ရှိ နယ်မြေခံတပ်မတော်သို့ ဘုရားဆင်းတုတော် ၅ဝဝ၊ ကမမောင်း ဆရာတော်ပုံ ပြက္ခဒိန် အခု ၅ဝဝ၊ ဖယောင်းတိုင်အထုပ် ၅ဝဝ ပေးအပ်ခဲ့သည်။ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးသောမတ်ထံ နိဗ္ဗာန်ယာဉ် တစ်စီးပေးအပ် လှူဒါန်းခဲ့သည်။
ယမန်နေ့နံနက် ၁ဝနာရီ ၁၅မိနစ်တွင် ကမမောင်းရှိ နယ်ခြားစောင့်တပ်အား ဘုရားဆင်းတုတော် ၁၅ဝ၊ ကမမောင်း ဆရာတော်ပုံ ပြက္ခဒိန် ၁၅ဝ၊ ဖယောင်းတိုင်ထုပ် ၁၅ဝ တို့အား ပြည်နယ်ပါတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ မြို့နယ်ပါတီမှဦးစော မျိုးမြင့်တို့က ပေးအပ်ရာ နယ်မြေခံတပ်မတော်မှ တာဝန်ရှိ သူများက လက်ခံရယူခဲ့သည်။
နံနက် ၁၁နာရီခွဲတွင် ကမမောင်းတံတားဦးရှိ နယ်ခြားစောင့် တပ်အားဘုရားဆင်းတုတော် အနေကဇာတင်ပြီး အဆူ ၃၅ဝ၊ ကမမောင်းဆရာတော်ပုံ ပြက္ခဒိန် ၃၅ဝ၊ ဖယောင်းတိုင်အထုပ် ၃၅ဝ တို့အား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံတို့က ပေးအပ်ရာ နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခင်နီနီအောင်