မက်ဆီအား မန်စီးတီးက သုံးနှစ်စာချုပ်ဖြင့်ကမ်းလှမ်း

မန်စီးတီးအသင်းသည် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအား သုံးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းမှုပြုလုပ်လိုက်ကြောင်း သိရသည်။ အသက် ၃၃ နှစ်ရှိပြီဖြစ်သော မက်ဆီသည်  ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့် တောင်းဆိုထားသူဖြစ်သည်။ ၄င်းနှင့် ဂွါဒီယိုလာတို့သည် ၂ဝဝ၈ ခု နှစ်မှ ၂ဝ၁၂ ခုနှစ်အထိ လက်တွဲ ခဲ့ကြဖူးသူများ ဖြစ်သည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်း ဂွါဒီယိုလာ နှင့် မက်ဆီတို့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရယူထားပြီဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ်လျက်ရှိသည်။  လက်ရှိတွင် မန်စီးတီးနည်းတူ ပီအက်စ်ဂျီအသင်းလည်း မက်ဆီ အား ချိတ်ဆက်မှုပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။ သို့သော် မန်စီးတီးအသင်း က တရားဝင်ကမ်းလှမ်းမှုအဖြစ် သုံး နှစ်စာချုပ်ဖြင့် ကမ်းလှမ်းထားသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့သည်။ ၄င်းသည် ဘာစီလိုနာ အတွက် ၇၃၁ ပွဲကစားကာ ၆၃၄ ဂိုးအထိ သွင်းယူပေးထားသူလည်း ဖြစ်သည်။  Ref; Marca