ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အထကကျောင်းသို့ အလှူငွေပေးအပ်

 

ဝန်းသို သြဂုတ်

ဝန်းသို အခြေခံပညာအထက်တန်း ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် သောက်သုံးရေကန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ် အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး၏ ကိုယ်စား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထိန်မင်းက ဝန်းသိုအထက ကျောင်းအုပ်ဆရာမကြီးထံ ယမန်နေ့က အလှူငွေပေးအပ်ခဲ့ကြသည်။

ညီညီထွန်း(ဝန်းသို)