ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်ကျေးရွာအုပ်စု ပါတီရုံးများ၌ ပါတီဆိုင်းဘုတ်များ စိုက်ထူဖွင့်လှစ်

 

ထားဝယ်၊ဩဂုတ် ၂၀

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုး ထွန်း၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေနှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့နံနက် ၈ နာရီတွင် အညာဖျား ကျေးရွာ၊ရွာလယ်လမ်း၊ ဦးသန်းဖေနေအိမ်တွင် အညာဖျားကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်စိုက်ထူခြင်း၊ နံနက် ၉ နာရီတွင် ဝကုန်းကျေးရွာ၊ မေတ္တာလမ်း၊ ဦးအောင်စိုးနေအိမ်တွင် ဝကုန်းကျေးရွာအုပ်စု ပါတီဆိုင်းဘုတ် လဲလှယ် စိုက်ထူခြင်း၊ နံနက် ၁၀ နာရီခွဲတွင် ကျောက်မဲတောင်ကျေးရွာ၊ မေတ္တာလမ်း၊ ဦးမောင်လွင်နေအိမ်တွင် ကျောက်မဲ တောင်ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်လဲလှယ် စိုက်ထူခြင်း၊ နံနက်၁၁နာရီခွဲတွင် ဟိန္ဒားပြင်ကျေးရွာ၊ ဖောင်းတောလမ်း၊ ဦးသိန်းဇော်ဝင်းနေအိမ်တွင် ဟိန္ဒားကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်စိုက်ထူခြင်းများ ဆောင်ရွက်၍ ရပ်/ကျေးပါတီရုံးများ ဖွင့်လှစ်ရာ သက်ဆိုင်ရာနယ်မြေ တာဝန်ခံများနှင့် ရပ်ကွက်‌ကျေးရွာအုပ်စု ပါတီဥက္ကဌ များလည်း စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကာ ဟိန္ဒားပြင်ကျေးရွာ၊ သာသနာ့ရံသီကျောင်း ဆရာတော်ဥူးဝိသုတအား သွားရောက်ဖူးမြော်ပြီးကျောင်းဆောင်သစ်ဆောက်လုပ်ရာ၌အလှူငွေတစ်သိန်းကျပ်နှင့် နဝကမ္မအလှူငွေများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခွန်အောင်ကျော်စွာ