ဘာစီလိုနာနည်းပြကို ထုတ်ပယ်ကြောင်း အတည်ပြု

ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် ဘာစီလိုနာအသင်းဟာ အသင်းရဲ့နည်းပြဖြစ်သူ Quique Setienကို အသင်းကနေ ထုတ်ပယ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ နည်းပြသစ်ကိုတော့ မကြာခင်ရက်များအတွင်း ခန့်အပ်ပြီးတာနဲ့ အတည်ပြုကြေညာပေးသွားမယ်လို့ အသင်းကပြောကြားခဲ့ပြီး၊ အသင်းကိုလည်း ပြန်လည်တည်ဆောက်မှုတွေ လုပ်ရတော့မယ်လို့ အသင်းရဲ့တွစ်တာမှာ ဖော်ပြခဲ့တာပါ။ ဘာကာနည်းပြသစ်အဖြစ် ရော်နယ်လ် ကိုးမန်းက ရေပန်းစားနေပါတယ်။ ဇန်နဝါရီလကမှ ရောက်လာတဲ့ဘာစီလိုနာနည်းပြဟာ လာလီဂါဖလားကိုလည်း မက်ဒရစ်ဆီလွှဲပေးခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်မရှုမလှရှုံးပြီး အရှက်ရစေခဲ့တဲ့အတွက် အခုလိုအလုပ်ကနေ အထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

-Ref:BBC Sports