ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
မြစ်ကြီးနား သြဂုတ် ၁၇
ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၉နာရီတွင် ဆရာတော်သံဃာတော် များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ပြည်နယ်ပါတီ နာယက ဉီးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုးသိန်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်တို့သည် ခေမာသီဝံကျောက် တိုက်ဆရာတော် ဦးစန္ဒာဝရာဘိဝံသ၊ ဝန်းသိုကျောင်းတိုက်ဆရာတော် ဦးကေတုမာလာ၊ အေးစေတီ ကျောင်းတိုက်ဆရာတော် ဦးကုသလ၊ အောင်ဇေယျာအောင် ကျောင်းတိုက်ဆရာတော် ဦးဥတ္တမသီရိ၊ မြေမြင့်ကျောင်းတိုက်ဆရာတော် ဦးနေ မိန္ဒထံသို့ ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။Usdp Kachin State