ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပသွယ်အထက (ခွဲ) စာသင်ကျောင်းသို့ PPE ဝတ်စုံ နှာခေါင်းစည်းနှင့် အလှူငွေများ လှူဒါန်း
ပန်းတနော် သြဂုတ် ၁၃
ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပန်းတနော် မြို့နယ်ပသွယ်ကျေးရွာရှိ အထက(ခွဲ) စာ သင်ကျောင်းတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ တစ်စုံ၊ နှာခေါင်းစည်း ကိုးဘူးနှင့် အလှူငွေကျပ်တစ် သိန်းလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီက အဆိုပါ ကျောင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
လှူဒါန်းရာသို့ ပန်းတနော် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက များဖြစ်ကြသော ဦးဝင်းသိန်းနှင့် ဦးငြိမ်းမြိုင်၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးစလင်းထွန်း၊ ဒေါ်သင်းသင်းမြတ်တို့ ပါဝင်ဆောင်ရွက်ခဲ့ ကြသည်။
မောင်ခိုင်ဖြိုး(ပန်းတနော်)