ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
ရေဖြူ သြဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မဝိဟာရ ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်အရှင်ဥုတ္တမအား ဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဓမ္မဝိဟာရ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ရေဖြူမြို့နယ် ပုဂေါဇွန်းရွာအုပ်စု ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီရုံး၌ ကျေးရွာအုပ်စု ပါတီဝင်များနှင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြောင်းများဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝဏ္ဏကျော်