အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲကို လက်ရှိချန်ပီယံ နာဒယ် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်

လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်က ကိုရိုနာဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်သေးသောကြောင့် ယခုလနှောင်းပိုင်းကျင်းပ မည့် အမေရိကန်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မဟုတ်ကြောင်း ကြေညာသည်။

စပိန်တင်းနစ်ချန်ပီယံ ကမ္ဘာ့နံပါတ် (၂) ကစားသမားနာဒယ် (၃၄) နှစ်သည် သြဂုတ် ၃၁ ရက်တွင် နယူးယောက်မြို့၌ ကျင်းပမည့် ယင်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ကြေညာပြီး ကမ္ဘာတစ်ဝန်း ရောဂါကူးစက်သူ ပိုများလာခြင်းနှင့်အတူ ကျန်းမာရေးအခြေအနေရှုပ်ထွေးနေကြောင်း ပြောကြားသည်။

ဆားဗီးယားချန်ပီယံ ဂျိုကိုဗစ်အား ပြိုင်ပွဲဝင်စာရင်းတွင် မြင်တွေ့ရစဉ် အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလီယမ်က ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာထားသည်။

နာဒယ်က မိမိအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းမှာလွယ်ကူသော ဆုံးဖြတ်ချက်မဟုတ်ဘဲ လက်ရှိ အနေအထားကြောင့် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယင်းတင်းနစ်ပြိုင်ပွဲကို ပရိသတ်မပါဘဲ ကျင်းပရန် စီစဉ်ထားသည်။

နာဒယ်၏ အကြီးမားဆုံး ပြိုင်ဘက် ဖက်ဒဲရားမှာလည်း ဒဏ်ရာမှ ပြန်နာလန်ထခါစဖြစ်သောကြောင့် အမေရိကန် အိုးပင်းပြိုင်ပွဲ ၌ ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ပေ။ ကမ္ဘာ့နံပါတ် (၁) အမျိုးသမီး တင်းနစ် ကစားသမားကလည်း ပါဝင်ယှဉ်ပြိုင်လိုခြင်း မရှိကြောင်း ပြောဆိုထားသည်။   -Ref:BBC