ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းဆိုင်ရာများ နယ်မြေအလိုက်ဆွေးနွေး
ရေကြည် သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးကြည်သန်းနှင့် အတွင်းရေးမှူး ဦးအုန်းစိုးတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ် ထိန်းချုပ်ရေးကြေညာညွှန်ကြား ချက်များနှင့်အညီ Mask နှာခေါင်း စည်းများတပ်ကာ မြို့နယ်ပါတီ စည်းရုံးရေး နယ်မြေအလိုက် နယ်မြေတစ်ခုလျှင် ခြောက်ဦးဖိတ်ပြီး နယ်မြေတစ်ခုချင်းအလိုက် သတ်မှတ်ရက်ပေးပြီး နယ်မြေကိုးခု အတွင်းရှိ ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များ၊ ကန့်သတ်ဖိတ်ကြားထားသူများအား ရက်သတ္တပတ် အလိုက် ပါတီလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ရေကြည်မြို့နယ် အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာအုပ်စု ရပ်ကျေးပါတီဥက္ကဋ္ဌများ အားလုံးကို နယ်မြေ အလိုက် တွေ့ဆုံပြီးဖြစ်ကြောင်း မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကြည်သန်းထံမှ သိရသည်။ဆန်းတင့်(ရေကြည်)