အောက်တိုဘာလအတွင်း ခါဘစ် နှင့် ဂတ်ဂျီ ထိုးသတ်မည်

MMA လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်ဟာ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဂျက်စတင်ဂတ်ဂျီ နဲ့ ထိုးသတ်မှာဖြစ်တယ်လို့ UFC ဥက္ကဌဒါနာဝှိုက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရုရှားဖိုက်တာ ခါဘစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဒက်စ်တင်ပွိုင်ရီရာကို အနိုင်ယူပြီးကတည်းက ပွဲဝေးနေခဲ့တာဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း နည်းပြဖြစ်တဲ့ သူ့ရဲ့ဖခင် အဗ္ဗဒူမာနက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး သေဆုံးသွားခဲ့တာပါ။ UFC ဥက္ကဌ ဒါနာဝှိုက်က ခါဘစ်ရဲ့ ပွဲက ဖြစ်လာတော့မှာပါ။ ဒီကာလအတွင်း ခါဘစ်အတွက် အရမ်းကြမ်းတမ်းခဲ့ပါတယ်။ သူ့အဖေဟာ သူ့ဘ၀ရဲ့ သူရဲကောင်းတစ်ယောက်ပါ။ သူတို့သားအဖက အရမ်းကို နီးနီးစပ်စပ် ရှိသလို ခါဘစ်ကလည်း သူ့အဖေကို အရမ်းချစ်တော့ ဆုံးရှုံးလိုက်ရချိန်မှာ သူ့အတွက် ခံစားရခက်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ခါဘစ်နဲ့ထိုးသတ်မယ့် အမေရိကန်ဖိုက်တာ ဂတ်ဂျီဟာ အသက် ၃၁ နှစ်အရွယ်ရှိပြီး မေလအတွင်းက တိုနီဖာဂူဆန်ကို အနိုင်ယူထားသူဖြစ်ပါတယ်။ UFC