စလင်းပြည်ခိုင်ဖြိုးပါတီက မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များက ယမန်နေ့တွင် စလင်းမြို့နယ် မင်းလျင်ရွာ မီးဘေးသင့်အိမ်ထောင်စုများ အား သွားရောက်၍ မီးဘေးကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးဝင်းမြိုင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြို့နယ် ပါတီကော်မတီဝင်ဦးဝင်းခိုင်၊ နယ်မြေတာဝန်ခံကော်မတီ ဝင် ဦးစိုးဝင်းတို့ ပါဝင်လိုက်ပါပြီး ယခုလ ၂ဝ ရက်က မီးသင့်ခံခဲ့ရသော မင်းလျင်ကျေးရွာမှ အိမ်ထောင်စုသုံးစု အား ထောက်ပံ့ငွေနှင့် အဝတ်အထည်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။  စစ်ကြည်(စလင်း)