ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကောက်စိုက်နေသူများအား အာဟာရကျွေးမွေး

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထိန်မင်း သည် ယမန်နေ့နံနက်ပိုင်းက ပန်းတိမ်ကုန်းကျေးရွာအုပ်စု ကောင်းကွေ့ကျေးရွာလယ်သမားကြီး ဦးမောင်ကျော်၏ လယ်လေးဧကကျော်တွင် ကွင်းပိတ်ကောက် စိုက်ပျိုးမှုသို့ အချိုရည်ဘူးများ၊ စားစရာများကို သွားရောက်ကျွေးမွေး ခဲ့ကြောင်း သိရသည်။ ကောက်စိုက်ပျိုးမှု ခဏနားချိန်တွင် ကောက်စိုက်သမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်း ကိုင်ငန်းများ၊ စားဝတ်နေရေးများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် မိမိတို့အမြင်များကို ပွင့်လင်းစွာ ပြောဆိုခဲ့ကြကြောင်း သိရသည်။ ညီညီထွန်း(ဝန်းသို)