ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပွဲတိုင်း အနိုင်ကစားရမည်ဟု ဆိုးလ်ရှား ပြော

မိမိတို့အနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လက်ကျန်ပွဲများအားလုံး ကို အနိုင်ကစားရမည်ဟု မန်ယူ နည်းပြဆိုးလ်ရှားက ပြောကြားစဉ် ယင်းပွဲအတွက် မန်ယူနောက် ခံကစားသမားလေးဦးအထိ ပါဝင်နိုင်မည် မဟုတ်သောကြောင့် နောက်တန်းပြဿနာရှိနိုင်သည်။ အဲရစ်ဘီလိုင်းသည် ချယ်လ်ဆီးကို ရှုံးသော အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲတွင် အသင်းဖော် ဟယ်ရီမက်ဂွိုင်းယားနှင့် တိုက်မိပြီး ထမ်းစင်ဖြင့် ထွက်ခဲ့ရသည်။ လုခ်ရှောမှာလည်း ခြေချင်းဝတ် ဒဏ်ရာဖြင့် ဆက်၍အနားယူနေရဆဲဖြစ်သည်။ တွန်ဇီဘီနှင့် ဖီလ်ဂျုံးစ်တို့မှာ လည်း နောက်ထပ်အနားယူရဦးမည်ဖြစ်သည်။ သို့သော် အသင်း ခေါင်းဆောင် မက်ဂွိုင်းယားဒဏ် ရာမှာ အသေးစားဒဏ်ရာ ဖြစ်သောကြောင့် ပါဝင်မည်ဖြစ်သည်။ သင်္ချာနည်းအရ တန်းဆင်းဇုန်မှ လွတ်ကင်းနိုင်သည့် ဝက်စ်ဟမ်း၏ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က မိမိတို့ တန်းမဆင်းရေး အနိုင်မရလျှင်ပင် သွင်းဂိုးများက အထောက်အကူပြုနိုင်သည်ဟု ပြောကြားပြီး မိမိတို့ အမှတ် ၄၀ ရလျှင် တန်းမဆင်းရန် အခြေအနေကောင်းပြီဟု ပြောကြားသည်။ ဆိုးလ်ရှားက အက်ဖ်အေဖလားတွင် ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ရခြင်းမှာ စိတ်ပျက်စရာကောင်းသော်လည်း ကမ္ဘာကြီးတစ်ခု၏ အဆုံးသတ်မဟုတ်ဘဲ လက်ကျန်ပွဲ များအားလုံး အနိုင်ရရေး အာရုံ စိုက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ကျွန်တော်တို့ ရှုံးပွဲမရှိဘဲ ဖြတ်သန်းနိုင်ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ပါ ပါပြီဟု ဆိုးလ်ရှားကပြောသည်။ ဝက်စ်ဟမ်း၏ အန္တရာယ်ကို မိမိတို့ ကောင်းစွာသိထားပြီး ၎င်းတို့သည် ပွဲပြီးခါနီးတွင် ကစားပုံ ကောင်းမွန်လေ့ ရှိခြင်းကြောင့် ယင်းအချက်ကို မိမိတို့ အာရုံစိုက်ရမည်ဟု ဆိုးလ်ရှားက ပြောကြားသည်။  Ref:Manutd