မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းဆောင်ရွက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အရန်ပါတီကော်မတီဝင်များဖြစ်သည့် မြို့နယ် ပါတီစည်းရုံးရေးနယ်မြေ(၃) တွဲဖက် တာဝန်ခံ ဦးသန်းစိုး၊ ဦးငွေရှိန်း၊ ဦးခင်မောင်ခန့်နှင့် ဒေါ်ခင်ပိုတို့ ဦးဆောင်ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် မိုးကောင်းမြို့ ကြာအင်ကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝင်းအတွင်း၌ ချုံနွယ် ပေါင်းမြက်ရှင်းလင်းခြင်း၊ လူသွားလမ်းသဲကျောက်ဖြန့်ခင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။