တန့်ယန်းတွင် အထကကျောင်းများအတွက် လိုအပ်သည့်ပစ္စည်းများထောက်ပံ့ လှူဒါန်း
တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန် နှင့် မြို့နယ်ပါတီကော်မတီဝင်တို့သည် တန့်ယန်းမြို့ အထက(၁)နှင့် အထက(၂)ကျောင်းများတွင် ကျောင်းဖွင့် ရာသီအတွက် လိုအပ်လျက်ရှိသော လက်ဆေးကန်၊ အပူချိန်တိုင်းကိရိယာ၊ လက်သန့်ဆေးရည်၊ Mask စသည့် ကျပ်ငါးသိန်းခန့် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်။