Workday ချာရတီအိုးပင်း ဂေါ့ဖ်ပြိုင်ပွဲမှာ မိုရီကာဝါ အနိုင်ရ
အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်မှာ ကျင်းပခဲ့တဲ့ Workday ချာရတီအိုးပင်း ဂေါ့ဖ်ပြိုင်ပွဲမှာ အမေရိကန် နိုင်ငံသား မိုရီကာဝါက အနိုင်ရခဲ့ပါတယ်။ တနင်္ဂနွနေ့က ယှဉ်ပြိုင်တဲ့ နောက်ဆုံးနေ့ပွဲစဉ်မှာ (၆၆)ချက်ရိုက်ခဲ့တဲ့ မိုရီကာဝါဟာ စုစုပေါင်းရိုက်ချက် (၂၆၉)ချက် ရိုက်နိုင်ခဲ့ပါတယ်။
မိုရီကာဝါဟာ အမေရိကန် နိုင်ငံသား ဂျပ်စတင် သောမတ်စ်နဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ချန်ပီယံဆုအတွက် ကျင်းပို ဆက်ရိုက်ခဲ့ရ ပါတယ်။ ပထမကျင်းပိုနဲ့ ဒုတိယကျင်းပိုတွေမှာ ရိုက်ချက်တွေတူညီခဲ့ကြပြီး တတိယကျင်းပို မှာတော့ မိုရီကာဝါက အနိုင်ရခဲ့တာပါ။
အသက် (၂၃)နှစ်အရွယ် မိုရီကာဝါအတွက်ကတော့ ကစားသမား ဘဝ ဒုတိယမြောက် ပီဂျီအေတိုး ချန်ပီယံဆု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ဒီနှစ်မှစတင်ကျင်းပတဲ့ ပီဂျီအေတိုးပြိုင်ပွဲဖြစ်ပြီး အနိုင်ရခဲ့တဲ့ မိုရီကာဝါဟာ ဆုကြေး အမေရိကန်ဒေါ်လာ (၁ ဒဿမ ၁)သန်းကိုပါ ရရှိသွားခဲ့ပါတယ်။ one news sports