ဒါဗီးစ်က ဟာလန်းကို ကျော်ဖြတ်ပြီး ဘွန်ဒက်စ်လီဂါ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ဒါဗီးစ် ရရှိ
ဘိုင်ယန်မြူးနစ်ဘယ် နောက်ခံလူ အယ်လ်ဖွန်ဆိုဒါဗီးစ် သည် ၂၀၁၉-၂၀ ဘွန်ဒက်စ်လီဂါ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု (Bundesliga Rookie) ဆွတ်ခူးခဲ့သည်။
အသက် (၁၉) နှစ်အရွယ် ကနေဒါ လူငယ်ကြယ်ပွင့်သည် နည်းပြဟမ်ဆီဖလစ်ခ်၏ ဘိုင်ယန်မြူးနစ်ကို ရှစ်ကြိမ်ဆက် ဘွန်ဒက်စ်လီဂါဖလား ချန်ပီယံဖြစ်အောင် ကူညီပံ့ပိုးပေးပြီးနောက် ပရိသတ်များ၊ ကလပ်များနှင့် ဘောလုံးပဏ္ဍိတ်များက မဲပေး ရွေးချယ်သည့် ဆုရရှိခြင်း ဖြစ်သည်။
နော်ဝေးတိုက်စစ်မှူးဟာလန်းက ဇန်နဝါရီတွင် ဒေါ့မွန်သို့ ပြောင်းရွှေ့လာပြီးနောက် တစ်လတာအကောင်းဆုံး လူငယ်ကစားသမားဆု နှစ်ကြိမ်ရရှိဖူးသော်လည်း တစ်နှစ်တာဆုတွင် ဒါဗီးစ် ၏ ကျော်ဖြတ်ခြင်းခံခဲ့ရသည်။
ပြင်သစ်ဂန္ထဝင်လက်ရွေးစင်ဟောင်း လီလီသူရမ်၏ သားဖြစ်သူ မိုချန်ဂလာဘတ်ခ်ျ တိုက်စစ်မှူး မားကပ်စ်သူရမ်၊ ကိုလုန်း နောက်ခံလူ အစ္စမေးလ်ဂျာကော့ဘ် နှင့် အဲဗာတန်မှ ရှော်လ်ကေးသို့ အငှားဖြင့် လာရောက်ကစားနေ သော ကန်နီတို့လည်း ဆန်ခါတင် စာရင်းတွင် ရွေးချယ်ခံရသည်။ -Ref: Livescore